Star Grade App အကြောင်း


Star Grade Education သည် Call2Clean Company ၏ လုပ်ငန်းခွဲတစ်ခုဖြစ်ပါသည်။ 

 ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းမှစတင် စီစဉ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စီးပွားရေးသီးသန့် မဟုတ်ဘဲ ကျောင်းသား ကျောင်းသူများ၏ ပညာရေးကို ကူညီပံ့ပိုးပေးချင်သော စေတနာစိတ်ဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ Star Grade Education Moblie Application တွင် Grade 10 စနစ်သစ်၏ ဘာသာရပ်များကို လေ့လာနိုင်ပြီ ဖြစ်ပါသည်။ ထို့အပြင် ကျွန်တော်တို့ app သည် လူကြီးလူငယ်မရွေး အကျိုးပြုစေရန် ရည်ရွယ်ပြီး အခြေခံကွန်ပျူတာ နှင့် အင်္ဂလိပ်သဒ္ဒါ သင်ခန်းစာများကို အခမဲ့ လေ့လာနိုင်ရန်လည်း စီစဉ်ထားပါသည်။

အခြားအတန်းများဖြစ်သော Grade 7, 8, 9, 11, 12 သင်ခန်းစာများကိုလည်း မကြာမီ ထပ်မံ ဖြည့်သွင်းသွားမည် ဖြစ်ပါသည်။ 

သင်ခန်းစာ ဗီဒီယို များကို တစ်ကြိမ် ဒေါင်းပြီးရင် အင်တာနက်လိုင်း မလိုတော့ဘဲ offline ဖြင့် စာလေ့လာလို့ ရတာကြောင့် data ကုန်ကျစရိတ်ကို လျှော့ချနိုင်သည်။ 

ကျောင်းသား၊ ကျောင်းသူများအတွက် အချိန်မရွေး၊ နေရာမရွေး ဘာသာရပ် ပါမောက္ခများ၊ ဝါရင့် ဆရာ/ဆရာမ များ၏ သင်ကြားပို့ချမှုများကို ဗီဒီယို များဖြင့် လေ့လာ နိုင်သောကြောင့် အရည်အချင်း ပြည့်၀သည့် ဆရာတစ်ယောက် ဘေးမှာထိုင်ပြီး စာသင်ပေးနေသလို ဖြစ်တဲ့အတွက် ကလေးတွေရဲ့ပညာရေးမှာ အထူးအထောက်အကူပြုနိုင်ပါသည်။ 

သင်ခန်းစာများ သင်ကြားခြင်းအပြင် အခန်း တစ်ခုပြီးတိုင်း Quiz Test များပါသည့်အတွက် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် မိမိတို့၏ တတ်မြောက်မှု အရည်အချင်းကိုလည်း စမ်းစစ်နိုင်သည်။ 

ထို့အပြင် Quiz Test ရလဒ်များမှ တစ်ဆင့် App အသုံးပြုသော ကျောင်းသား၊ ကျောင်းသူများအားလုံးထဲတွင် မိမိ အဆင့် ဘယ်လောက်ရှိသည်ကို သိနိုင်ရန်အတွက် Leaderboard ကိုလည်း လုပ်ပေးထားပါသည်။ 

 

ရည်ရွယ်ချက်

========

- ကျောင်းသား ကျောင်းသူများနှင့် အချို့သော ဆရာ၊ ဆရာမများအတွက် သင်ထောက်ကူ တစ်ခုပေးနိုင်ရန်

- ကျောင်းသားကျောင်းသူများအနေဖြင့် နေရာမရွှေး၊ အချိန်မရွှေး ကျောင်းစာများ လေ့လာနိုင်ရန်

- ဝါရင့်ဆရာ၊ ဆရာမများ၏ သင်ကြားပို့ချမှုများကို ကျောင်းသား၊ ကျောင်းသူများ တူညီစွာ လေ့လာခွင့် ရစေရန်။ (ဥပမာ - နယ်က ကျောင်းသား/သူ အချို့သည် ဝါရင့်ဆရာဆရာမများ သင်ကြားမူ     မရနိုင်သောကြောင့် နစ်နာမူ ရှိပါသည်။)

- လူတိုင်း တတ်နိုင်သော စျေးနှုန်းဖြင့် ကောင်းမွန်သော သင်ကြားမူများ ကို ပေးနိုင်ရန်။

- အိမ်မှာဖြစ်စေ၊ လမ်းသွားသည်ဖြစ်စေ၊ ကားစောင့်နေသည်/ စီးနေသည်ဖြစ်စေ၊ အလုပ်လုပ်နေသည် ဖြစ်စေ၊ ဖုန်းတစ်လုံး ရှိရုံဖြင့် စာများ သင်ယူလေ့လာနိုင်ရန်။

 

ဘာ​ကြောင့်သုံးသင့်သလဲ....

==============

- ​အချိန်မ​ရွေး၊ နေရမ​ရွေး ​ကျောင်းစာများ သင်လို့ရလို့။

- ဘယ်မှာဘဲ​နေ​နေ ရန်ကုန်က ဝါရင့် ဆရာ/ဆရာမ ကြီးများရဲ့ သင်ကြားမှု ရရှိနိုင်လို့။

- စာအုပ်ကြည့်လို့ မရှင်းတဲ့ ပုဒ်စာ​တွေ ဗီဒီယိုနဲ့ ပိုမိုနားလည်လွယ်လို့။

-ဘာသာစုံသင်​ပေးတဲ့ ဆရာ/ဆရာမ များ ကိုယ်နားမှာ ၂၄ နာရီလုံးရှိ​နေသ​လို ကြိုက်တဲ့အချိန် သင်ယူနိုင်လို့။

- ​စျေးနှုန်းသက်သာလို့

- တစ်ခါ​ဒေါင်းပြီးရင် offline နဲ့​လေ့လာလို့ရလို့။

- ​ဒေါင်းလိုက်ပေမဲ့ ဖုန်း Storage ​နေရာ အများကြီး မယူလို့

 

ရည်မှန်းချက် (မျှော်လင့်ချက်)

================

Star Grade Education App ကို အသုံးပြုတိုင်း ပညာရေးထူးချွန်မှု၊ ကွန်ပျူတာနှင့် အဂ်လိပ်စာ တတ်ကျွမ်းခြင်းအပြင် ဗဟုသုတ ကြွယ်လာစေရန် မျှော်လင့်ပါသည်။

အသုံးပြုသူတိုင်း၏ အကျိုးရရှိမှုသည် ကျွန်တော်တို့၏ အောင်မြင်မှုတစ်ခုအဖြစ် ခံယူပါသည်။