စည်းကမ်းသတ်မှတ်ချက်များ
     ဤစည်းကမ်းသတ်မှတ်ချက်များကို အောက်တိုဘာလ၁ရက်၂၀၂၁ခုနှစ်တွင် ပြဌာန်းခဲ့ခြင်းဖြစ်ပါသည်။ကျွန်တော်တို့၏ရည်ရွယ်ချက်မှာ ကျွန်တော်တို့၏ Application နှင့် Website အသုံးပြုရာတွင် သင့်အတွက်ရော ကျွန်ုပ်တို့အတွက်ရော လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက်ပါလုံခြုံမှုရှိရန်အလို့ငှာ စည်းမျဥ်းစည်းကမ်းများ ချမှတ် ခြင်းဖြစ်ပါသည်။
    ဤစည်းကမ်းသတ်မှတ်ချက်များသည် Star Grade Education, mobile application,နှင့် Website များကို အသုံးပြုရာတွင် လိုက်နာရမည်ဖြစ်သည်။
     ဤစည်းကမ်းသတ်မှတ်ချက်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သက်ဆိုင်ရာတည်ဆဲ ဥပ‌ဒေများနှင့် အဓိပ္ပာယ်ဖွင့်ဆိုပြီး လိုက်နာကျင့်သုံး၍ လွှမ်းမိုးမှုရှိရမည်။ နိုင်ငံတော်၏ ဥပဒေများ၊ စည်းမျဥ်းစည်းကမ်းများ လိုက်နာခြင်းသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။

အကောင့်များဖွင့်ခြင်း၊ အသုံးပြုခြင်း
     ကျွန်တော်တို့၏ ၀န်ဆောင်မှု Platform နှင့် Website မှ သင်ခန်းစာများဝယ်ယူခြင်း၊၀င်ရောက်ကြည့်ရှုခြင်းနှင့်ငွေသွင်းခြင်းများ ပြုလုပ်နိုင်ရန် အကောင့်တစ်ခု လိုအပ်မည်ဖြစ်ပါသည်။ ထို့ကြောင့် အကောင့်မှတ်ပုံတင်င်း ပြုလုပ်သည့်အခါနှင့် ပြန်လည်ပြင်ဆင်သည့်အခါတွင် မှန်ကန်ပြည့်စုံသော နာမည်၊ email နှင့် ဖုန်းနံပါတ်များကိုထည့်ပေးရမည်ဖြစ်သည် သင့်အကောင့်နှင့် ပတ်သတ်ပြီး တစ်စုံတစ်ဦး၏ ပြုလုပ်မှု‌ကြောင့်တစ်ခုခုဖြစ်ပွားလာပါက သင်ကိုယ်တိုင် တာ၀န်ယူရမည်ဖြစ်၍ သင်၏အကောင့်ကို အထူးဂရုစိုက်ထိန်းသိမ်းရန်လိုအပ်ပါသည်။ 
     တစ်စုံတစ်‌ယောက်ကို အကောင့်ပေးသုံးခြင်းမပြုလုပ်ရန်နှင့် ခွင့်ပြုခြင်းမရှိဘဲ အခြားသူများ၏ အကောင့်ကို အသုံးပြုခြင်းမှ ရှောင်ကြဥ်ရမည်ဖြစ်ပါသည်။ ကျွန်တော်တို့ဘက်မှလည်း သင်၏  အကောင့်နှင့်ပတ်သတ်ပြီး အချက်အလက်များကို လျှို့ဝှက်ထိမ်းသိမ်းထားမည်ဖြစ်ပါသည်။ အကယ်၍အကောင့်ပိုင်ရှင် သေဆုံးခဲ့ပါက သူ၏အကောင့်ကိုပိတ်သိမ်းမည်ဖြစ်ပါသည်။
     သင့်အကောင့်နှင့် ပတ်သက်သော အချက်အလက်များကို တစ်စုံတစ်ဦးအား ပြောပြခြင်းကြောင့် သင့်အကောင့်တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက ကျွန်တော်တို့ဘက်မှ လုံး၀တာ၀န်ယူမည်မဟုတ်ပါ။ သင့်အကောင့်တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက ကျွန်တော်တို့ထံသို့ ချက်ခြင်းအကြောင်းကြားရမည်ဖြစ်ပါသည်။

အသုံးပြုမှုကန့်သတ်ချက်များ
     Star Grade Education ၏ ၀န်ဆောင်မှုများကို ဥပ‌ဒေနှင့် ဆန့်ကျင်သော မည်သည့်ရည်ရွယ်ချက်ဖြင့်မဆိုအသုံးပြုခြင်းမလုပ်ရ။ ကျောင်းသားများကို သင်ခန်းစာများနှင့် ပတ်သက်ပြီး ပြန်လည်သုံးသပ်ခွင့်ပြုပါသည်။ သင်ယူထားသော သင်ရိုးသည် မည်သည့်နည်းလမ်းဖြင့်မဆို ဥပဒေကို ချိုးဖောက်သည်ဖြစ်စေ၊ သူတစ်ပါး၏ အခွင့်အရေးကို ထိခိုက်နစ်နာစေသည်ဖြစ်စေ သို့မဟုတ် သင်ရိုးများကို မသင့်လျော်သော နည်းလမ်းတစ်ခုခုဖြင့်အသုံးပြုနေသည်ကိုလည်းကောင်း၊ လိမ်လည်မှုကျူးလွန်‌ကြောင်း သို့မဟုတ် တရားမ၀င်ပြုလုပ်မှုများ လုံး၀ခွင့်မပြုပါ။
     Star Grade Education သင်ရိုးကိုဖွင့်နေချိန်တွင် ဗီဒီယိုရိုက်ထားခြင်း၊ Screen Recording များမလုပ်ရ။
တစ်ခြားသုံးစွဲသူ၏အကောင့်ဖြင့် ဝင်ရောက်ခြင်း၊ ညစ်ညမ်းသောစာများပို့ခြင်း နှင့် Viruses ပေးပို့ခြင်း (သို့) အခြားနည်းလမ်းသုံးစွဲပြီး ဝင်ရောက်ခြင်း မပြုသင့်ပါ။ 
     Star Grade Education Platform နှင့် ဝန်ဆောင်မှုများတွင်ပါဝင်သည့် အချက်များ (သို့) ကုဒ်များကို ဖန်တီးခြင်း၊ ပြုပြင်မွမ်းမံခြင်း နှင့်ကော်ပီ ကူးယူခြင်းမပြုလုပ်သင့်ပါ။
 
အသုံးပြုသူ၏ကိုယ်ရေးအချက်အလက်ထိန်းသိမ်းခြင်း
      Star Grade Education Platform များ အသုံးပြုနိုင်ရန် မှတ်ပုံတင် (Register) သောအခါကျောင်းသားများ၏  ကိုယ်ရေးအကျဥ်းဖြစ်သော အမည်၊ မွေးသက္ကရာဇ်၊ ဖုန်းနံပါတ်၊ E-mail နှင့် နေထိုင်ရာမြို့တို့ကို ဖြည့်သွင်းရာ ထိုအချက်အလက်များကို ကျွန်တော်တို့ System ထဲတွင်သာ သိမ်းဆည်းထားမည်ဖြစ်ပါသည်။
     ထို့သို့သိမ်းထားသော သင်၏ကိုယ်ရေးအချက်အလက်များကို ကျွန်တော်တို့ဖက်မှ လုံခြုံစွာထိန်းသိမ်းထားမည် ဖြစ်ပါသည်။ အခြားသော ကုမ္ပဏီ၊ အဖွဲ့အစည်းနှင့်လူပုဂ္ဂိုလ်များသို့ မျှဝေခြင်း၊ ပေးကမ်းခြင်း၊ ရောင်းချခြင်းပြုလုပ်မည်မဟုတ်ပါ။
 
သင်ခန်းစာပို့ချသော ဆရာ/ ဆရာမများ၏ အသုံးပြုခွင့်
     သင်ခန်းစာပို့ချသော ဆရာ/ ဆရာမများသည် မိမိသင်ကြားပို့ချခဲ့သော ဘာသာရပ်ထဲမှ မိမိကိုယ်တိုင်သင်ကြားပို့ချပေးသော ဗီဒီယိုများ ကိုကန့်သတ် အသုံးပြုခွင့်ပေးထားပါသည်။ သို့ရာတွင် အခမဲ့ဖြစ်စေ သင်တန်းကြေးယူ၍ ဖြစ်စေ ကျောင်းသူကျောင်းသားများသို့ မိမိကိုယ်တိုင် သင်ကြားရာတွင် အသုံးပြုခွင့်ရှိသည်။
     သို့သော် သင်ခန်းစာများကို ပြန်လည်ထုတ်‌‌‌‌‌‌‌‌‌‌‌‌‌‌ဝေခြင်း၊ ပြန်လည်ဖြန့်ဖြူးခြင်း၊ မျှ‌‌ဝေခြင်း၊ ရောင်းချခြင်း၊ ငှားရမ်းခြင်း၊ ပြုပြင်ခြင်း၊  ကူးပြောင်းခြင်း၊ အသံသွင်းခြင်း၊ Live လွှင့်ခြင်း၊ ပုံတူကူးယူခြင်း၊ ထပ်ဆင့်လိုင်စင် ပြုလုပ်ခြင်းစသည်များကို ကျွန်တော်တို့၏နှစ်ဦးသဘောတူညီမှုမှ အထူးခွင့်ပြုထားခြင်းမရှိဘဲနှင့် ပြုလုပ်ဆောင်ရွက်ပါက စာပေနှင့် အနုပညာ မူပိုင်ခွင့်ဥပဒေအရ အရေးယူမည်ဖြစ်ပါသည်။
     Star Grade Education နှင့် ဆရာ၊ ဆရာမများ၏ပတ်သက်ဆက်နွယ်မှု သင်ခန်းစာများကို သင်ကြားပို့ချပေးသော ဆရာ၊ ဆရာမများသည် Star Grade Education ၏ဝန်ထမ်း၊ လုပ်ဖော်ကိုင်ဖက်၊ ဖက်စပ်လုပ်ငန်း၊ ကိုယ်စားလှယ်အဖြစ် ပတ်သက်ဆက်နွယ်ခြင်းမရှိပါ။
     သင်ခန်းစာများနှင့်ပတ်သက်၍ အငြင်းပွားဖွယ်ဖြစ်လာပါက Star Grade Education နှင့်တိုက်ရိုက်မဆိုင်ပါ  သင်ကြားပို့ချသော ဆရာ၊ ဆရာမများနှင့်သာ သက်ဆိုင်ပါသည်။
     Star Grade Education ၏ အခွင့်အရေး Star Grade Education စာမျက်နှာ မှတဆင့်ရေးသားသည့် ဥပမာ-သင်ခန်းစာများ၊ ထင်မြင်သုံးသပ်ချက်များ၊ တုံ့ပြန်ချက်များ၊ ပြန်လည်ဆန်းစစ်ချက်များ နှင့် အကြုံပြုချက်များအားလုံးအပြင်၊ Website နှင့် applications ဖြင့်တစ်စုံတစ်ယောက် (ကျွန်ုပ်တို့၏ဝန်ထမ်းအပါအဝင်) မှပေးသည့်ဝန်ဆောင်မှုအားလုံးသည် Star Grade Education ၏ ပိုင်ဆိုင်မှုဖြစ်သည်။ 
     Star Grade Education စာမျက်နှာနှင့် ဝန်ဆောင်မှုများသည် စာပေနှင့်အနုပညာမူပိုင်ခွင့်၊ ကုန်မှတ်တံဆိပ်မူပိုင်ခွင့်နှင့် မြန်မာနိုင်ငံ၏အခြားတည်ဆဲဥပ‌ဒေများဖြင့်အကာအကွယ်ယူထားပါသည်။ မည်သူမျှ Star Grade Education ၏ ကုန်တံဆိပ်အမည်၊ ကုန်တံဆိပ်အင်္ဂါရပ်၊ ကိုယ်ပိုင်အမှတ်အသား၊ နယ်ပယ် နှင့် ကုန်မှတ်တံဆိပ်များကို သုံးစွဲခွင့် မရှိပါ။ 

လိုက်နာရမည့်သဘောတူညီချက်
     ကျွန်ုပ်တို့၏ဝန်ဆောင်မှုကိုအသုံးပြုခြင်း (သို့) ဝင်ရောက်မှတ်ပုံတင်ခြင်းသည် တရားဝင်စည်းနှောင်မှုရှိသောစာချုပ်ကို နှစ်ဦးနှစ်ဘက်သဘောတူသကဲ့သို့ မှတ်ယူသည်။ ကျွန်ုပ်တို့၏စည်းမျဥ်းသတ်မှတ် ချက်များကို သဘောမတူလျှင် ကျွန်ုတို့၏ ဝန်ဆောင်မှုကိုအသုံးပြုခြင်း(သို့) မှတ်ပုံတင်ခြင်းနှင့် ဝင်ရောက်ခြင်း များဆောင်ရွက်ခြင်းမပြုလုပ်သင့်ပါ။
     ဤနှစ်ဦးနှစ်ဘက် တရားဝင်သဘောတူညီခြင်းသည် သတ်မှတ်ထားသည့်စည်းမျဥ်းများကို စေ့စေ့စပ်စပ်သဘောပေါက်နားလည်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။ စည်းမျဥ်းစည်းကမ်းများသည် ဆရာ၊ ဆရာမများ ကျွန်ုပ်တို့နှင့်သုံးစွဲသူအားလုံးအကြားသဘောတူချက်ဖြစ်သည်။ 
     ပြဿနာတစ်စုံတစ်ခုဖြစ်ပေါ်ခဲ့လျှင်ရေးသားသတ်မှတ်ထားသောစည်းမျဥ်းများနှင့်အညီ ဖြေရှင်းရမည်။ သတ်မှတ်ထားသည့်စည်းမျဥ်းများကို  ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိခဲ့လျှင် ဥပဒေနှင့်အညီ တရားစွဲဆိုခြင်း ပြုလုပ်နိုင်သည်။ အရေးယူဖို့ရန်နောက်ကျခဲ့လျှင် ကျွန်ုတို့အနေဖြင့်သက်ညှာပေးခြင်းမဟုတ်ပါ။ နောက်နောင်တွင်တရားစွဲဆိုနိုင်ပါသည်။

သဘာဝဘေးအန္တာရာယ်
     စစ်ပွဲများ၊ သဘာဝဘေးအန္တာရာယ်များ၊ လျှပ်စစ်ဓာတ်အား၊ အင်တာနက်၊ ဆက်သွယ်ရေး သို့မဟုတ် အစိုးရဥပဒေများစသည့် အကြောင်းအရာများကြောင့် ကျွန်တော်တို့၏ ဝန်ဆောင်မှုများပြတ်တောက်ခဲ့ပါက ကျွန်တော်တို့ဘက်မှ လုံးဝတာဝန်ယူမည်မဟုတ်ပါ။
 
အငြင်းပွားမှုကို ဖြေရှင်းခြင်
     အငြင်းပွားမှုဖြေရှင်းမှုကဏ္ဍသည် မြန်မာနိုင်ငံတွင်နေထိုင်သူမှသာလျှင် အကျုံးဝင်မည်ဖြစ်သည်။ တရားရေးကိစ္စရပ်များ မဆောင်ရွက်မီ ကျွန်တော်တို့၏ အထောက်အကူပြုအဖွဲ့နှင့်အရင်ဆက်သွယ်ရမည်။ အကယ်၍ ပြသနာသည် ကျွန်တော်တို့၏ အထောက်အကူပြုအဖွဲ့ထံနှင့် ဖြေရှင်းလို့မရပါက မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်ဆက်လက်ဆောင်ရွက်ရန်ဖြစ်သည်။
 
ကျွန်တော်တို့၏ စည်းမျဥ်းသတ်မှတ်ချက်များကိုပြင်ဆင်ခြင်း
      ကျွန်တော်တို့၏ စည်းမျဥ်းသတ်မှတ်ချက်များကို စစ်ဆေးခြင်းဖြင့် အခါအားလျော်စွာပြင်ဆင်သွားမည်ဖြစ်ပါသည်။ စည်းမျဥ်းသတ်မှတ်ချက်များတစ်စုံတစ်ရာပြောင်းလဲပြင်ဆင်ခြင်းများရှိပါက အချိန်နှင့်တစ်ပြေးညီ ကျွန်တော်တို့၏ website များအပေါ်တွင် ချက်ချင်းတင်ပေးမည်ဖြစ်သည်။ ကျွန်တော်တို့ ပြင်ဆင်ထားသော စည်းမျဥ်းသတ်မှတ်ချက်များကို သိရှိနိုင်ရန်အတွက် စည်းမျဥ်းသတ်မှတ်ချက်များ ခေါင်းစဥ်ကြီး၏ ရက်စွဲများကို ယှဥ်ပြီးကြည့်ရှုခြင်းဖြင့်သိရှိနိုင်မည်ဖြစ်သည်။ 
      စည်းမျဥ်းသတ်မှတ်ချက် ပြောင်းလဲပြင်ဆင်ခြင်းများကို သိရှိနိုင်ရန်အတွက် ကျွန်တော်တို့တင်ထားသော စည်းမျဥ်းသတ်မှတ်ချက်များကိုအခါအားလျှော်စွာ စစ်ဆေးပေးရန်လိုအပ်ပါသည်။ Star Grade Education ၏ Application နှင့် Website အသုံးပြုသူအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။

ဆက်သွယ်ရန်
     ကျွန်တော်တို့၏ အထောက်အကူပြုအဖွဲ့သည်သင့်ကိုအကူအညီပေးရန် အမြဲတမ်းအဆင်သင့်ရှိနေပါသည်။ ကျွန်တော်တို့ကို မေးမြန်းရန်နှင့်ကျွန်တော်တို့၏ဝန်ဆောင်မှုများအပေါ် အကြံပြုချက်ပေးရန်တောင်းဆိုပါသည်။
ကျေးဇူးတင်ပါသည်။ 
   Phone,  Telegram, Viber - 09-759 754 066